Games for Weekend! – Burmese Techie Games Week

ဟိုတလောက အင်တာနက် မလိုပဲ​ ဆော့လို့ရမယ့် offline games လေးတွေ ရွေးပေးပြီးပြီဆိုတော့ ဒီတစ်ခါ စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ အချိန်ဖြုန်းဖို့ ဂိမ်းကောင်းကောင်းလေးတွေ ထပ်ရွေးပေးချင်ပါတယ်။ ဒီတစ်ခါတော့ offline ဆော့လို့ရတာရော၊ online ဆော့ရမှာရော ပါပါမယ်။

  1. Clash Royale
  2. PES 2020 eFootball
  3. Bus Simulator Ultimate
  4. Flick Shoot 2

1. Clash Royale

Supercell ရဲ့ Clash of Clans (COC) ဟာ တချိန်က အခု MLBB တို့ PUBG တို့လို တနိုင်ငံလုံးဆော့တဲ့ ဂိမ်းတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ COC နောက်ပိုင်း Supercell ဟာ Clash Royale, Boom beach, Brawl Stars စသဖြင့် ဂိမ်းတွေ ထပ်ထုတ်ခဲ့ပါတယ်။ ဒီထဲက Clash Royale ဟာ အတော်လေး ဆော့လို့ ကောင်းတဲ့ ဂိမ်းတစ်ခုပါ။ Strategy ဂိမ်းအမျိုးအစားဖြစ်ပြီး Head to Head battles တွေမှာ ကိုယ့်ရဲ့ tower သုံးလုံးကို ကာကွယ်ရင်း ရန်သူရဲ့ tower တွေကို ဖျက်ဆီးရမှာပါ။

Download

2. PES eFootball 2020

PES လို့ခေါ်တဲ့ Pro Evolution Soccer ဆိုရင် ဂိမ်းဆော့တဲ့လူတိုင်း သိကြမှာပါ။ PES eFootball 2020 ဟာ မိုဘိုင်းဖုန်းအတွက် ဘောလုံးဂိမ်းတွေထဲမှာ ကျေနပ်မှု အပေးနိုင်ဆုံးဂိမ်းဆိုလည်း မမှားပါဘူး။ ငယ်ငယ်က ဆော့ခဲ့တဲ့ PES နဲ့ မတူတာက PES Mobile မှာ ကစားသမားတွေကို ကတ်လေးတွေနဲ့ လိုက်စုရတာ ဖြစ်ပြီး ကိုယ့်အသင်းကို ရလာတဲ့ ကစားသမားတွေနဲ့ တည်ဆောက်ရတာပါ။ Online Multiplayer ကစားလို့ရသလို Android အချင်းချင်း၊ iOS အချင်းချင်း bluetooth နဲ့ ချိတ်ဆက်ပြီးလည်း ကစားနိုင်ပါတယ်။

PES eFootball 2020 ကို ဒေါင်းလုဒ်လုပ်ဖို့ VPN လိုအပ်မှာ ဖြစ်တဲ့အပြင် ဂိမ်းစစဖွင့်ချင်း VPN ဖွင့်ပေးရမှာဖြစ်ပါတယ်။

VPN Download
PES Download (Playstore)
PES Download (APK Pure)

3. Bus Simulator Ultimate

Bus Simulator ဂိမ်းက အပြင်လောကနဲ့ အနီးစပ်ဆုံး ပြုလုပ်ထားတဲ့ ကားမောင်းဂိမ်းပါ။ Company တစ်ခုထောင်၊ ဘတ်စ်ကားတွေ ဝယ်၊ Terminal တွေ ဆောက်ပြီး တိုးပွားအောင် ဆော့ရတာပါ။ ဘတ်စ်ကားမောင်းရတာလည်း အပြင်နဲ့ အတော်လေး နီးစပ်မှု ရှိပါတယ်။ ကားတံခါးဖွင့်တာ၊ Luggage ထည့်တဲ့ တံခါးဖွင့်ပေးရတာ၊ လမ်းမှာ အစားအသောက်အတွက် နားရတာ၊ ဆီဝင်ထည့်ရတာ ၊ အဲကွန်းဖွင့်ပေးရတာ၊ ကားပေါ်က အစားအသောက် ဝန်ဆောင်မှု ပေးရတာ အစရှိသဖြင့် ပါဝင်ပါတယ်။

Download

4. Flick Shoot 2

Flick Shoot 2 က စိတ်ငြိမ်ငြိမ်နဲ့ အချိန်ဖြုန်းလို့ ကောင်းတဲ့ ဂိမ်းပါ။ နာမည်အတိုင်းပဲ flick (ဖုန်း screen ကို ပွတ်ဆွဲပြီး) လုပ်ပြီး ဂိုးသွင်းရတာပါ။ Missions တွေပါပြီး အတော်လေး ဆော့လို့ကောင်းတဲ့ ဂိမ်းပါ။

Download