YouTube က ကြော်ငြာတွေကို အလွယ်တကူပိတ်နိုင်မယ့် နည်းလမ်း

ကျွန်တော်တို့ YouTube video တွေ ကြည့်တဲ့အခါ ကြော်ငြာတွေက တကယ် စိတ်အနှောက်အယှက်ဖြစ်စရာပါ။ YouTube ကြည့်နေတဲ့အချိန် ကြော်ငြာတွေ မတက်အောင် ပိတ်လို့ ရမယ့် ဒီနည်းလမ်းလေးက Reddit မှာ မျှဝေထားတာ တွေ့ရှိခဲ့ပါတယ်။ ဒီနည်းလမ်းလေးက software တွေ၊​ extension တွေ ထပ်ထည့်စရာ မလိုပါဘူး။

ဒီနည်းလမ်းကတော့ youtube.com ရဲ့ နောက်မှာ နောက်ထပ် . (dot) လေး ထပ်ထည့်ပေးရုံပါပဲ။ ဥပမာ _ https://www.youtube.com/watch?v=f5fwhXQYL-0 ဆိုရင် https://www.youtube.com./watch?v=f5fwhXQYL-0 ဖြစ်သွားပါမယ်။

ဒါဆိုရင် youtube က ဘေးမှာ ပြနေတဲ့ ကြော်ငြာတွေအပြင် ဗီဒီယိုဖွင့်ရင် ရှေ့ကတက်လာတဲ့ ကြော်ငြာတွေပါ မတက်လာတော့ပါဘူး။

ဘာလို့ ဒီလိုဖြစ်ရလဲဆိုရင် နောက်မှာ . ထည့်လိုက်တဲ့အတွက် ကြော်ငြာတွေရဲ့ hostname မတူတော့ဘူးလို့ ယူဆတာကြောင့် ကြော်ငြာတွေ ပြသခြင်း မရှိတော့တာလို့ ယူဆရပါတယ်။

မကြာခင်မှာ google က ဒါကို ပြင်ဆင်လိမ့်မယ်လို့ ယူဆရတာကြောင့် ဘယ်အချိန်ထိ ဒါကို သုံးလို့ရနေမလဲ မသိသေးပါဘူး။