သင့်ရဲ့ iPhone က iOS 14 update လုပ်လို့ ရနိုင်မလား

Image - Apple

Apple ဟာ သူ့ရဲ့ iOS 14 ကို မနေ့က တရားဝင် ကြေညာခဲ့ပါပြီ။ iOS 14 update ကို ယခုနှစ် နှောင်းပိုင်းမှာ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ iOS 14 update လုပ်နိုင်မယ့် iPhone စာရင်းထဲမှာ သင့်ရဲ့ လက်ရှိ iPhone ကော ပါဝင်သလား။

Apple က iOS 14 ကို iPhone 6S နဲ့ နောက်ပိုင်း ဖုန်းတွေအတွက် ထုတ်ပေးသွားမယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။ ဒါ့ကြောင့် မနှစ်က iOS 13 update ရရှိခဲ့တဲ့ ဖုန်းတိုင်းဟာ iOS 14 ကို update ပြုလုပ်နိုင်မှာပါ။

iPhone 6S ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ စတင်ဖြန့်ချီခဲ့တာကြောင့် iOS 14 ဟာ ငါးနှစ်သက်တမ်း ရှိခဲ့ပြီဖြစ်တဲ့ ဖုန်းကို ပထမဆုံးအကြိမ် အထောက်အပံ့ပေးတာ ဖြစ်ပါတယ်။ iOS 14 ကို ဒီနှစ် ၂၀၂၀ နှောင်းပိုင်း​ စက်တင်ဘာ/အောက်တိုဘာ/နိုဝင်ဘာ လောက်မှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

iOS 14 update ပြုလုပ်နိုင်မည့် iPhone စာရင်း

  • iPhone 6S
  • iPhone 6S Plus
  • iPhone SE 2016
  • iPhone 7
  • iPhone 7 Plus
  • iPhone 8
  • iPhone 8 Plus
  • iPhone X
  • iPhone XS
  • iPhone XS Max
  • iPhone XR
  • iPhone 11
  • iPhone 11 Pro
  • iPhone 11 Pro Max
  • iPhone SE 2020