iPhone 11 မှာ ဖြစ်နေတဲ့ အစိမ်းရောင် Display error

Image from MacRumors reader Oceannn

iPhone 11, 11 pro နဲ့ 11 pro Max တွေမှာ ဖုန်းကို ဖွင့်ပြီးပြီးချင်း screen က အစိမ်းရောင် လွှမ်းတဲ့ Display မျိုး ဖြစ်နေတယ်လို့ သုံးစွဲသူ အချို့က Reddit မှာ ရေးသားထားကြပါတယ်။ အဆိုပါ error ဖြစ်တဲ့အချိန်ဟာ တသတ်မှတ်တည်း မရှိပေမယ့် များသောအားဖြင့် ညဖက်တွေမှာ အဖြစ်များပြီး dark mode နဲ့ night shift ကို ဖွင့်ထားတဲ့ အချိန်မှာ ဖြစ်တာလို့ ရေးသားထားပါတယ်။

အဆိုပါ error ဟာ hardware error ထက် software error ပဲ ဖြစ်ဖို့များပြီး များသောအားဖြင့် iOS 13.5 ကို မြှင့်တင်ပြီး နောက်မှာသာ ဖြစ်ကြတာပါ။ အဆိုပါ အစိမ်းရောင်လွှမ်းခြင်းဟာ ခဏသာ ကြာပြီး ပြန်ပျောက်သွားတတ်ပေမယ့် မကြာခဏ ပြန်ဖြစ်တယ်လို့ ဆိုကြပါတယ်။

တကယ်လို့ Software error သာ မှန်ခဲ့မယ်ဆိုရင် Apple အနေနဲ့ လာမယ့် update တွေမှာ ပြင်ဆင်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Apple ဟာ iOS 13.5.5 beta ဗားရှင်းကို ထုတ်ပေးထားပြီးဖြစ်ပေမယ့် အဆိုပါ ပြဿနာကတော့ ရှိနေဆဲပဲ ဖြစ်ပါတယ်။