ဖုန်းမှာ copy ကူးထားတဲ့ အကြောင်းအရာတွေကို ရယူနေတဲ့ Tik Tok

Apple က iOS 14 ရဲ့လုံခြုံရေးနည်းပညာအသစ်ကို ထည့်သွင်းပေးပြီးနောက်မှာ ဖုန်းရဲ့ clipboard ကို ရယူနေတဲ့ app တွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ clipboard ဆိုတာ ကိုယ်က တစ်ခုခုကို copy ကူးလိုက်ရင် ပြန်ပြီး paste လုပ်နိုင်အောင် နောက်ကွယ်က မှတ်သားထားပေးတဲ့ နည်းပညာ ဖြစ်ပါတယ်။

Apple ရဲ့ iOS 14 beta ကို ထည့်သွင်းသုံးစွဲနေသူတွေက ဒီ clipboard ကို ရယူနေတဲ့ app တွေကို သိရှိနိုင်ခဲ့ပြီး အဲ့ထဲမှာ နာမည်ကြီး tik tok လည်း အပါအဝင် ဖြစ်ပါတယ်။ Tik Tok ကတော့ ဒီလုပ်ဆောင်ချက်ကို လာမယ့် ရက်သတ္တပါတ်အတွင်း ပြင်ဆင်ပေးသွားမယ်လို့ ပြောဆိုထားပြီး version အသစ်ကို Apple ရဲ့ App Store ပေါ်တင်ဖို့ လုပ်ဆောင်ထားပြီးပြီလို့ ဆိုပါတယ်။

Tik Tok ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဒီ feature ထည့်သွင်းထားရခြင်းဟာ ထပ်တလဲလဲ လုပ်ဆောင်နေတဲ့ Spam တွေကို ကာကွယ်ဖို့ ရည်ရွယ်ထားပြီး version အသစ်မှာ ဒီလုပ်ဆောင်ချက်ကို ဖယ်ရှားထားတယ်လို့ ဆိုပါတယ်။ Android တွေမှာကော clipboard ကို ရယူနေသလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Clipboard ကို ရယူနေတဲ့ app တွေဟာ Tik Tok တစ်ခုတည်း မဟုတ်ပဲ Accuweather, AliExpress, Patreon, Call of Duty Mobile နဲ့ Google News တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။