Google Meet extends to meet.new

Image - Google

Google က သူ့ရဲ့ product တွေအတွက် .new domain ကို shortcut အနေနဲ့ ထားထားပါတယ်။ ဥပမာ – docs.new ဆိုရင် google docs အသစ်ကို ဖွင့်ပေးမှာ ဖြစ်ပြီး sheets.new ဆိုရင် google sheets အသစ်ကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။ အလားတူပဲ sites.new, note.new, keep.new အစရှိတာကို သက်ဆိုင်ရာ google product တွေအတွက် သုံးလို့ ရမှာ ဖြစ်ပါတယ်။

အခုဆိုရင် Google meet အတွက် meet.new ကိုပါ သုံးလို့ ရနိုင်ပြီ ဖြစ်ပြီး meet.new ဟာ Google meet room အသစ်ကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ Google meet ဟာ မူလက Gsuite အသုံးပြုသူတွေအတွက်သာ ခွင့်ပြုပေးထားပြီး မကြာသေးခင်ကမှ အသုံးပြုသူအားလုံးအတွက် အခမဲ့ အသုံးပြုခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

Image – Google Meet

Google ဟာ သူ့ရဲ့ product အားလုံးလိုလိုအတွက် .new domain တွေ ပြုလုပ်ထားပေမယ့် chat.new ကတော့ google chat အတွက် အသုံးပြုလို့ရမှာ မဟုတ်ပဲ Vieta ဆိုတဲ့ freelancer တွေအတွက် chat app က ဝယ်ယူထားတာ ဖြစ်ပါတယ်။ အလားတူပဲ blog.new ကို wordpress က ပိုင်ဆိုင်ပြီး Google Blogger အတွက် အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ နောက်ထပ် payment.new ကလည်း stripe က ဝယ်ယူထားတာ ဖြစ်ပါတယ်။