Samsung Galaxy Fold 2 ရဲ့ ဒီဇိုင်း ပေါက်ကြားလာ

မကြာခင် ထွက်ရှိတော့မယ့် Samsung Galaxy Fold 2 ရဲ့ အရှေ့ဘက် မခေါက်ထားတဲ့ ဒီဇိုင်းကို နာမည်ကြီး Ice Universe အဖွဲ့က twitter မှာ ယနေ့ ထုတ်ဖော်ခဲ့ပါတယ်။ Galaxy Fold 2 ရဲ့ ဒီဇိုင်းဟာ ထွက်ရှိထားတဲ့ Galaxy Fold ရဲ့ မူလဒီဇိုင်းနဲ့ မတူပဲ ကွဲပြားမှုတွေ ရှိပါတယ်။

Galaxy Fold မှာ ပါရှိခဲ့တဲ့ Notch ကို punch-hole ဒီဇိုင်းအဖြစ် ပြောင်းလဲထားတာ တွေ့ရပါတယ်။ Galaxy Fold တုန်းက center မကျခဲ့တဲ့ Notch အစား punch-hole ကို အလယ်ကို ပြောင်းရွှေ့ထားတာ တွေ့ရမှာပါ။ ပုံမှာ မြင်ရတဲ့အတိုင်းဆိုရင် ပတ်ပတ်လည် ဘောင်တွေကလည်း Galaxy Fold ထက် သေးသွားပြီး Screen ratio ပိုများလာတာ တွေ့ရပါတယ်။

အခုထိတော့ Galaxy Fold 2 နဲ့ ပတ်သက်ပြီး များများစားစား မသိရှိရသေးပဲ တရားဝင် ထွက်ရှိမယ့် ဩဂုတ်လ မတိုင်ခင် အချက်အလက်တွေ ထပ်မံထွက်ရှိလာဦးမယ်လို့ မျှော်လင့်ရပါတယ်။